Best Dental Clinic in Yangon - Tharkayta

Dental Implant

Dental Implant

ငယ်ငယ်တုန်းက အမေပြောဖူးတဲ့ သွားတစ်ချောင်းရဲ့တန်ဖိုးကို အခုမှပဲသိတော့တယ်။ သွားကျန်းမာရေးကို ဂရုမစိုက်မိခဲ့လို့ သွားပိုးပေါက်သေးသေးလေးကနေ အခေါင်းပေါက်ကြီးဖြစ်ပြီး ညဘက်ဆို ကိုက်လွန်းလို့ အိပ်မရတဲ့ရက်တွေလည်းများပြီ။ အခု ကိုက်နေတဲ့သွားကို နှုတ်လိုက်ပြီဆိုတော့ တစ်ရန်တော့ ရှင်းသွားပေမယ့် နောက်တစ်ရန်က ပေါ်လာပြန်ပြီ။

နှုတ်လိုက်တဲ့ သွားဘေးနားမှာရှိတဲ့ တခြားသွားတွေက တဖြည်းဖြည်းယိုင်လာပြီး ကြာလာရင် ကျန်တဲ့သွားတွေပါ ပျက်စီးကုန်တော့မယ် ….. စိတ်ညစ်လိုက်တာနော်။ လစ်ဟာနေတဲ့သွားနေရာမှာ နောက်ထပ်သွားအသစ်တစ်ချောင်းကို ပြန်စိုက်ချင်ပြီဆိုရင် လမင်း Dental Clinic ကိုသာ လာခဲ့လိုက်နော်။ Quality အမျိုးမျိုး၊ ဈေးနှုန်းအစုံအလင်နဲ့ လူကြီးမင်းတို့နဲ့ သင့်လျော်မယ့်သွားအတုအမျိုးအစားကို ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကာ Dental Implant လုပ်ဆောင်နိုင်ပါပြီ။

Dental Implant လုပ်ဆောင်တယ်ဆိုတာဟာ သွားစိုက်ကုသတဲ့နေရာမှာတော့ ထိရောက်မှုအရှိဆုံးနဲ့ အကောင်းဆုံးကုသနည်းတစ်ခုပဲ ဖြစ်ပါတယ်။ Dental implant လုပ်ဆောင်တယ်ဆိုတာ သွားအစစ်တစ်ချောင်းလိုမျိုး အကျိုးထူးတွေပြန်လည်ရရှိနိုင်မှာ အသေအချာပါပဲ။ သွားတစ်ချောင်းဆုံးရှုံးလို့ စိတ်မညစ်ပါနဲ့။ လမင်း Dental Clinic နဲ့ဆို ကျန်းမာကြံ့ခိုင်တဲ့ သွားတွေကို ပိုင်ဆိုင်နိုင်ပါပြီ။