Best Dental Clinic in Yangon - Tharkayta

လမင်း Dental ရဲ့ တည်နေရာ

လမင်း Dental ရဲ့ တည်နေရာ

မင်္ဂလာပါ လမင်း Dental Clinic မှ ကြိုဆိုပါတယ် ခင်ဗျာ. . .
ဒီနေ့မှာတော့ လမင်း Dental ရဲ့ တည်နေရာကို မေးမြန်းကြတဲ့ ချစ်မိတ်ဆွေတို့အတွက် လမ်းလေးတစ်ချက်ညွှန်ပေးချင်ပါတယ်နော်။

သာကေတရဲ့ မင်းနန္ဒာလမ်းမကြီးနဲ့ မြင်တော်သာလမ်းမကြီး ၂ ခုကနေ လမင်းသွားဆေးခန်းကို ဘယ်လိုရောက်အောင်လာလို့ရမလဲ?
မင်းနန္ဒာလမ်းမကြီးမှ လာတဲ့အခါ သာကေတ Capital ကျော်လာပြီး “သာကေတမြို့နယ်မှ ကြိုဆိုပါ၏” ဆိုတဲ့ ကျောက်တိုင်အလွန် ၂ မှတ်တိုင်ဖြစ်တဲ့ ကျောင်းကွေ့မှတ်တိုင်မှာ ဆင်းကာ စုပေါင်းအိမ်ရာဝင်းထဲဝင်လာလျှင် မိုးသောက်ပန်းလမ်းနဲ့ ထူပါရုံလမ်းထောင့် နံပါတ် ၄၄ မှာ လမင်းသွားဆေးခန်းကို ရောက်ရှိမှာပဲဖြစ်ပါတယ်။ YBS 4, 32, 85, 89, 9 တို့ကို စီးလာလို့ရပါတယ် ခင်ဗျာ။

မြင်တော်သာလမ်းမကြီးမှလာရင် ဇိနမာန်အောင်ဘုရားရှေ့မှတ်တိုင်မှာ ဆင်းကာ စုပေါင်းအိမ်ရာထဲဝင်လာပြီး မိုးသောက်ပန်းလမ်းနဲ့ ထူပါရုံလမ်းထောင့် နံပါတ် ၄၄ မှာ လမင်းသွားဆေးခန်းကို ရောက်ရှိမှာပဲဖြစ်ပါတယ်။
YBS 89, 70, 34, 5 စတဲ့ ကားတွေကို စီးလာလို့ရပါတယ် ခင်ဗျာ။

‘လမင်း’မှာ ကားပါကင်ရောရှိလား? ဆိုတဲ့မေးခွန်းအတွက်တော့…
မြို့ထဲမှာလို car parking အတွက် စိတ်ပူစရာမလိုဘဲ ဆေးခန်း ရှေ့နဲ့ ဝန်းကျင်မှာ ကား လေး ငါး စီးလောက် အသာလေး ပါကင်ကောင်းကောင်းထိုးလို့ရတဲ့ လမ်းအကျယ် street parking ရှိတာကြောင့် အိမ်ရှင်တွေ ထွက်ငေါက်မယ့် ပြဿနာအတွက်လည်း ပူစရာမလိုတော့ဘူးပေါ့…

ဒါ့အပြင် Grab Taxi ခေါ်ရာမှာလည်း ‘ Lamin Dental Clinic’ ဆိုပြီး ရိုက်ရှာရုံနဲ့ လွယ်လွယ်ကူကူရှာတွေ့နိုင်ပါသေးတယ် ခင်ဗျာ..

‘လမင်း’သွားဆေးခန်းကို လှမ်းလာချင်တဲ့ မိတ်ဆွေအားလုံးအား နွေးထွေးစွာကြိုဆိုပါတယ်နော်