Best Dental Clinic in Yangon - Tharkayta

Wisdom Tooth

wisdom tooth

သင် အံဆုံးနဲ့ပတ်သက်တဲ့ ဒီအကြောင်းတွေ သိပြီးပြီလား?
သင့်အနေနဲ့ အံဆုံးနဲ့ ပတ်သက်တဲ့ အောက်ပါအချက်လေးတွေ သိထားသင့်ပါတယ်။

What is wisdom tooth? အံဆုံးဆိုတာ ဘာလဲ?
အံဆုံးဆိုတာ လူတစ်ယောက်မှာရှိတဲ့ သွား (၃၂) ချောင်းထဲက အနောက်ဆုံးသွား (၄) ချောင်း (ဘယ်၊ ညာ၊ အထက်၊အောက်) ကိုခေါ်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောပြရရင် အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာ ပေါက်နေတဲ့ တတိယမြောက်အံသွား အထက်၊ အောက်၊ ဘယ်၊ညာလေးချောင်း ဖြစ်ပါတယ်။
အံဆုံးဟာ အများအားဖြင့် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်းပေါက်လေ့ရှိပါတယ်။

အံဆုံးပေါက်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်မလဲ?
လူတွေဟာ အံဆုံးပေါက်ပါက ခံရခက်အောင်နာကျင်ရပါတယ်။ တခါတလေ့ အရမ်းနာကျင်နေတဲ့အခါမျိုးမှာ သင့်အနေနဲ့ ဆားကို ကြက်သီးနွေးရေမှာ ထည့်ပြီး ပလုပ်ကျင်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အံဆုံးကို နာမှ နှုတ်ရမှာလား မနာရင်ရော မနှုတ်လို့ရလား?
သင့်အံဆုံးက တခါတလေ့ နာလိုက်၊ တခါတလေ့ နာတာပျောက်သွားလိုက်ဖြစ်နေပြီလား?
သွားဆရာဝန်အများစုကတော့ အံဆုံးဟာ စကားပြောတဲ့နေရာမှာဖြစ်စေ၊ အစားစားဖို့ ဝါးတဲ့နေရာမှာဖြစ်စေ အသုံးမဝင်တာကြောင့် သင့်အနေနဲ့ နာလိုက်ပျောက်လိုက်ဖြစ်တဲ့ ဝေသနာကိုရှောင်ပြီး နှုတ်လိုက်ဖို့ အကြံပြုထားပါတယ်။

အံဆုံးကို မနှုတ်ရင် ဘာဖြစ်မလဲ?
နှုတ်သင်တဲ့အချိန်မှာ အံဆုံးကို မနှုတ်ပါက သင့်အနေနဲ့ ရေရှည်မှာ သွားဖုံးထဲ ပိုးဝင်ခြင်း၊ အစားစားရခက်လာခြင်း၊ သွားပိုးစားခြင်း၊ အံဆုံးဘေးက သွားတွေပါ ပျက်စီးလာခြင်း၊ အခန့်မသင့်ပါက ပြည်တည်ခြင်းတွေပါ ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ အံဆုံးကို မဖြစ်မနေ နှုတ်ပစ်ဖို့ လိုအပ်သလဲ?
သင့်အနေနဲ့ အံဆုံးသွားကြောင့် နာကျင်နေတာ၊ ၊ ကိုက်ခဲနေတာ၊ နေရထိုင်ရခက်တာ အစာစားရင် နာကျင်ပြီး စားမရတာအထိ ဖြစ်လာပြီဆိုရင်တော့ အံဆုံးသွားနှုတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

မိတ်ဆွေ . . . နာကျင်မှုကို ကြိတ်ခံစားမနေပါနဲ့၊ နှုတ်လိုက်ဖို့ အကြံပြုပါရစေ။ အံဆုံးကို နှုတ်မယ်ဆို ဘာတွေလုပ်ရမလဲ?
သင်အနေနဲ့ အံဆုံးနှုတ်ချင်ပါက ကျွမ်းကျင်တဲ့သွားဆရာဝန်နဲ့ အရင်ဆွေးနွေးတိုင်ပင်ပြီး နှုတ်သင့်ပါတယ်။

အံဆုံးနှုတ်ရင် ဘယ်လောက်ကြာမလဲ?
အံဆုံးသွားနှုတ်တဲ့ လုပ်ငန်းစဉ်တစ်ခုစလုံးဟာ (၄၅) မိနစ်လောက် ကြာတတ်ပါတယ်။

အံဆုံးသွားနှုတ်ပြီးရင် ဘာတွေလုပ်ရသေးလဲ?
အံဆုံးသွားနှုတ်ပြီးပါက အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး သောက်ရပါတယ်၊ အစာရှောင်ရပါတယ်။
သွားဖုံးက သွေးယိုတာမျိုးတော့ ဖြစ်တတ်ပါတယ်၊ စိတ်ပူစရာ မလိုပါဘူး။

အံဆုံးကို လမင်း Dental Clinic မှာရော နှုတ်လို့ရလား?
ဟုတ်ကဲ့ . လမင်း မှာ အံဆုံးသွား နှုတ်လို့ရပါတယ်ခင်ဗျာ။ X Ray Check လုပ်ပီး အရမ်းခက်တဲ့ case တွေဆို Oral and Maxillofacial Surgeon Specialist ကိုယ်တိုင် နှုတ်ပေးမှာပါ ။ကျွမ်းကျင်တဲ့ Lamin Surgery team နဲ့ ကုသပေးမှာပါ။

သင့်အနေနဲ့ အံဆုံးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ သွားဆရာဝန်တွေနဲ့ ဆွေးနွေးချင်တယ်၊ ကုသမှု ခံယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ လမင်း Dental Clinic ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။