ခံတွင်းနံ့ဆိုးရခြင်း ဖြစ်စေတဲ့ အဓိကအချက်တွေကတော့
🦠ဘတ်တီးရီးယာတွေဟာ ပါးစပ်နဲ့လျှာမှာ စုပုံနေခြင်း
😞သွားဖုံးနာခြင်း
😣သွားကျောက်တည်နေခြင်း
😨သွားပိုးပေါက်တွေရှိနေခြင်း
🚬ဆေးလိပ်အသောက်များခြင်း
☕အနံ့ပြင်းတဲ့ အစားအသောက်တွေအစားများခြင်း တို့ကြောင့်ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အခြားသောရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်…
🙅အာသီးယောင်ခြင်း
🙅မကြာခဏနှာပိတ်ခြင်း
🙅၀မ်းချုပ်ခြင်း
🙅အစာခြေပြသနာရှိခြင်း
🙅အဆုတ်ရောဂါ တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။
ခံတွင်းနံ့ကောင်းလာစေဖို့အတွက် အိမ်တွင်းကုထုံးတွေကတော့ …
👅တစ်နေ့၂ကြိမ် သွားတိုက်ပေးပြီး သွားတိုက်တိုင်း
လျှာကိုပါတိုက်ပေးပါ
🌿နံနံပင်စားပေးပါ နံနံပင်မှာပါတဲ့ chlorophyll
ဟာအနံ့အသက်တွေကိုပျောက်စေပါတယ်
🍬ပူရှိန်းပါတဲ့ ပီကေလေးတွေဝါးပေးပါ
🧂Baking soda နဲ့လျှာကို ပွတ်တိုက်ပေးပါ
🍂အစာစားပြီးတိုင်း လေးညှင်းပွင့်လေး ဝါးဝါးပေးပါ
🪴🥕တရုတ်နံနံ၊ မုန်လာဥနီတို့များများ စားပေးခြင်းဖြင့်လည်း ခံတွင်းနံကိုကောင်းစေပါတယ်နော်။