Best Dental Clinic in Yangon - Tharkayta

သွားပိုးစားခြင်းနဲ့ သွားမခံမရပ်နိုင်အောင်ကိုက်ခြင်းအတွက် သွားနုတ်စရာမလိုတော့ဘူးနော်….
-ဟုတ်ပါတယ်-
Root Canal Treatment (RCT) ဆိုတဲ့ သွားအကြောထုတ်ကုသခြင်းနဲ့ဆို သင့်ရဲ့ နဂိုသွားကို ဆုံးရှုံးစရာမလိုပဲ သွားပိုးစား သွားကိုက်ပြဿနာတွေကို ကုသနိုင်ပါပြီခင်ဗျာ…
ဘယ်လို အခြေအနေမှာ သွားအကြောထုတ်ကုသခြင်းကို
ပြုလုပ်သင့်လဲ ?
သွားပိုးစား​​ပြီး ကုသမှုမခံယူပဲ အချိန်ကြာလာတဲ့အခါ သွားပိုးစား
မှုက တဖြည်းဖြည်း နက်လာပြီး သွားအတွင်းမှာရှိတဲ့
အကြောလွှာလေးတွေထဲကို ရောက်သွားပါတယ်…
ထိုအချိန်မှာမခံနိုင်အောင်သွားကိုက်ပြီး သွားကို အထိမခံနိုင်အောင်ဖြစ်တာတွေ၊ ယောင်ရမ်းနာကျင်တာတွေ ဖြစ်လာတတ်တဲ့အပြင် အခြေအနေပိုဆိုးရင် ပြည်တည်ခြင်း၊ မျက်နှာယောင်ရမ်းခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်…အဲ့လိုအ​ခြေအနေမျိုးနဲ့ ကြုံလာရင်တော့ သွားအကြောထုတ်ကုသမှုခံယူရမှာဖြစ်ပါတယ်ခင်ဗျာ…
ကုသတဲ့အခါ သွားရဲ့ အတွင်းဆုံးအလွှာထဲက ရောဂါပိုးရှိနေတဲ့အစိတ်အပိုင်း(pulp tissue)ဖြစ်တဲ့နာဗ့်ကြောလေးများနဲ့ သွေးကြောလေးများကို သွားအကြောထုတ် ကိရိယာပစ္စည်းလေးများဖြင့် ဖယ်ရှားသန့်စင်ဆေးကြောပြီး သွားအကြောအတုအစားထိုးထည့်ကာ ပြန်လည်ဖားထေးပေးပြီးကုသပေးရပါတယ်…
နှုတ်ပစ်ရတော့မည့် သွားကို မဆုံးရှုံးအောင်မေးရိုးထဲမှာပြန်လည်ထိန်းသိမ်းထားပေးနိုင်တာကြောင့် မိမိ နဂိုသွားဆုံးရှုံးမှုမရှိတော့ပါဘူး..
RCT သွားအကြောထုတ်ကုသခြင်းနဲ့ဆို…
-မူလပင်ကိုယ်သွားကို မနှုတ်ရသောကြောင့်
သဘာဝပင်ကိုယ်သွားကို ထိန်းသိမ်းထားနိုင်ခြင်း..
-သွားနာသွားကိုက်သက်သာခြင်း
-သွားပြန်စိုက်စရာမလိုအပ်သောကြောင့်
တခြားသွားတွေကို မထိခိုက်ခြင်း
-သွားမနှုတ်ရသောကြောင့် နာကျင်မှုမရှိခြင်း
စတဲ့ ကောင်းကျိုးတွေရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ…
သင့်အနေနဲ့ သွားပိုးစားသွားကိုက် ပြဿနာကို ကြုံနေရပြီဆို ‘လမင်း’သွားဆေးခန်းမှာ RCT သွားအကြောထုတ်ကုသနည်းနဲ့ အဆင်ပြေပြေ ကုသနိုင်ပါပြီမိတ်ဆွေ

Leave a comment

Your email address will not be published. Required fields are marked *