Best Dental Clinic in Yangon - Tharkayta

သွားတွေ ဝါနေလို့ စိတ်မညစ်ပါနဲ့… 𝗟𝗮𝘀𝗲𝗿 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ရှိပါတယ်

ဘာကြောင့်ပဲဝါဝါ ဝါနေသမျှ သွားတွေကို ဖြူဖွေးတောက်ပြောင်စေဖို့က 𝗟𝗮𝗺𝗶𝗻 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ 𝗟𝗮𝘀𝗲𝗿 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ပဲလိုတာပါ 💁‍♀️

𝗟𝗮𝘀𝗲𝗿 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 နဲ့ဆို ဝါနေသမျှသွားတွေကို ဖြူဖွေးတောက်ပြောင်လာစေမှာဖြစ်တာကြောင့်
𝗖𝗼𝗻𝗳𝗶𝗱𝗲𝗻𝗰𝗲 အရှိဆုံးအပြုံးတွေကို အလှဆုံးပြုံးနိုင်မှာအသေအချာပဲပေါ့ 🌟

🦷 ယုံကြည်မှုအပြည့်နဲ့ အတောက်ပဆုံးပြုံးနိုင်ဖို့ 𝗟𝗮𝗺𝗶𝗻 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗹𝗶𝗻𝗶𝗰 မှာ 𝗟𝗮𝘀𝗲𝗿 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 ပြုလုပ်ကြစို့…

𝗗𝗲𝗻𝘁𝗮𝗹 𝗜𝗺𝗽𝗹𝗮𝗻𝘁 က ဘာကြောင့် လူကြိုက်အများဆုံး သွားစိုက်ကုသနည်း ဖြစ်နေတာလဲ?

အဖြေကတော့ ရှင်းရှင်းလေးပါပဲ….. အကောင်းဆုံးသွားစိုက်ကုသနည်းဖြစ်လို့ လူကြိုက်အများဆုံးဖြစ်နေတာပါ
✔️ တစ်ခါစိုက်ရုံနဲ့ အချိန်အကြာကြီး ခံတယ်
✔️ ခဏခဏအနာခံစရာမလိုဘူး
✔️ သွားစိုက်ထားမှန်းတောင် မသိသာတဲ့ ခံစားမှုကိုရမယ်
✔️ ပြန်ကျွတ်မှာ ကြောက်စရာ၊ ပူစရာမလိုဘူး စတဲ့ အားသာချက်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး သွားစိုက်ကုသနည်းဖြစ်နေတာပါပဲ
👉 𝗟𝗮𝗺𝗶𝗻 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗹𝗶𝗻𝗶𝗰 မှာဆိုရင် ဒီလိုအကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်တဲ့အပြင်
✅ အရစ်ကျစနစ်နဲ့ သွားစိုက်နိုင်ခြင်း
✅ အာမခံချက်အပြည့်ထားပြီး ကုသပေးခြင်း
✅ တခြား အထူးအခွင့်အရေးတွေ၊ 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 တွေ ခံစားရစေနိုင်ခြင်း စတဲ့ အားသာချက်တွေကိုပါ ထပ်ပေါင်းရရှိဦးမှာဖြစ်ပါတယ်.
✨ ဒါကြောင့် အစားစားတိုင်း ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို အဝေးဆုံးလွှင့်ပစ်ပြီး
ဘာလာလာ စိတ်တိုင်းကျ ဝါးနိုင်တဲ့ သွားတွေပိုင်ဆိုင်နိုင်ဖို့ 𝗟𝗮𝗺𝗶𝗻 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗹𝗶𝗻𝗶𝗰 ကိုသာ လှမ်းလာခဲ့လိုက်ပါ 🤗

သားသားမီးမီးလေးတွေ သွားကိုက်လို့၊ သွားနာလို့ ငိုနေရတာကို စိတ်မချမ်းမသာဖြစ်ရဖူးလား

ဝေဒနာတွေထဲမှာ သွားကိုက်၊ သွားနာတဲ့ ဝေဒနာက အဆိုးရွားဆုံးနဲ့ ခံရအခက်ဆုံးဖြစ်တာ ကလေးလူကြီး အားလုံးသိပြီးဖြစ်မှာပါ 😞
သွားကိုက်လို့ ငိုနေရတဲ့ သားသားမီးမီးတွေရဲ့ မျက်နှာကိုကြည့်ပြီး ဘာလုပ်ပေးရမှန်းမသိနဲ့ ပူဆွေးမနေရအောင် 🤷‍♀️
ကလေးတွေငယ်စဉ်အချိန်ကစပြီး ဒီအလေ့အကျင့်လေးတွေပြုလုပ်ပေးသွားမယ်ဆိုရင်
သားသားမီးမီးလေးတွေ ပြုံးပျော်နေတာကိုပဲမြင်တွေ့ရမှာဖြစ်ပြီး ဖေဖေမေမေတွေလည်း သားသားမီးမီးတွေရဲ့အပြုံးကြောင့် စိတ်အေးချမ်းရမှာအသေအချာပါပဲ 💗
ဘယ်မိဘမဆို ကိုယ့်သားသမီးတွေပြုံးပျော်နေတာပဲမြင်တွေ့ချင်တာ သဘာဝပဲမို့ သားသားမီးမီးလေးတွေရဲ့ အပြုံးတွေကို လမင်း Premium Dental Clinic နဲ့ တည်ဆောက်လိုက်ပါ 😇
သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ အကောင်းဆုံးဝန်ဆောင်မှု၊ Premium Service တွေပေးနေတဲ့ ကျွန်မတို့ လမင်း Premium Dental Clinic က သွားနဲ့ ခံတွင်းပြဿနာတိုင်းအတွက် အမြဲအသင့်ရှိနေပါတယ်

သွားပိုးစားခြင်းနဲ့ သွားမခံမရပ်နိုင်အောင်ကိုက်ခြင်းအတွက် သွားနုတ်စရာမလိုတော့ဘူးနော်

သွားပိုးစားခြင်းနဲ့ သွားမခံမရပ်နိုင်အောင်ကိုက်ခြင်းအတွက် သွားနုတ်စရာမလိုတော့ဘူးနော်….
-ဟုတ်ပါတယ်-
Root Canal Treatment (RCT) ဆိုတဲ့ သွားအကြောထုတ်ကုသခြင်းနဲ့ဆို သင့်ရဲ့ နဂိုသွားကို ဆုံးရှုံးစရာမလိုပဲ သွားပိုးစား သွားကိုက်ပြဿနာတွေကို ကုသနိုင်ပါပြီခင်ဗျာ…
ဘယ်လို အခြေအနေမှာ သွားအကြောထုတ်ကုသခြင်းကို
ပြုလုပ်သင့်လဲ ?
သွားပိုးစား​​ပြီး ကုသမှုမခံယူပဲ အချိန်ကြာလာတဲ့အခါ သွားပိုးစား
မှုက တဖြည်းဖြည်း နက်လာပြီး သွားအတွင်းမှာရှိတဲ့
အကြောလွှာလေးတွေထဲကို ရောက်သွားပါတယ်…
ထိုအချိန်မှာမခံနိုင်အောင်သွားကိုက်ပြီး သွားကို အထိမခံနိုင်အောင်ဖြစ်တာတွေ၊ ယောင်ရမ်းနာကျင်တာတွေ ဖြစ်လာတတ်တဲ့အပြင် အခြေအနေပိုဆိုးရင် ပြည်တည်ခြင်း၊ မျက်နှာယောင်ရမ်းခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်…အဲ့လိုအ​ခြေအနေမျိုးနဲ့ ကြုံလာရင်တော့ သွားအကြောထုတ်ကုသမှုခံယူရမှာဖြစ်ပါတယ်ခင်ဗျာ…
ကုသတဲ့အခါ သွားရဲ့ အတွင်းဆုံးအလွှာထဲက ရောဂါပိုးရှိနေတဲ့အစိတ်အပိုင်း(pulp tissue)ဖြစ်တဲ့နာဗ့်ကြောလေးများနဲ့ သွေးကြောလေးများကို သွားအကြောထုတ် ကိရိယာပစ္စည်းလေးများဖြင့် ဖယ်ရှားသန့်စင်ဆေးကြောပြီး သွားအကြောအတုအစားထိုးထည့်ကာ ပြန်လည်ဖားထေးပေးပြီးကုသပေးရပါတယ်…
နှုတ်ပစ်ရတော့မည့် သွားကို မဆုံးရှုံးအောင်မေးရိုးထဲမှာပြန်လည်ထိန်းသိမ်းထားပေးနိုင်တာကြောင့် မိမိ နဂိုသွားဆုံးရှုံးမှုမရှိတော့ပါဘူး..
RCT သွားအကြောထုတ်ကုသခြင်းနဲ့ဆို…
-မူလပင်ကိုယ်သွားကို မနှုတ်ရသောကြောင့်
သဘာဝပင်ကိုယ်သွားကို ထိန်းသိမ်းထားနိုင်ခြင်း..
-သွားနာသွားကိုက်သက်သာခြင်း
-သွားပြန်စိုက်စရာမလိုအပ်သောကြောင့်
တခြားသွားတွေကို မထိခိုက်ခြင်း
-သွားမနှုတ်ရသောကြောင့် နာကျင်မှုမရှိခြင်း
စတဲ့ ကောင်းကျိုးတွေရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ…
သင့်အနေနဲ့ သွားပိုးစားသွားကိုက် ပြဿနာကို ကြုံနေရပြီဆို ‘လမင်း’သွားဆေးခန်းမှာ RCT သွားအကြောထုတ်ကုသနည်းနဲ့ အဆင်ပြေပြေ ကုသနိုင်ပါပြီမိတ်ဆွေ

လူတစ်ယောက်မှာ သွားက ဘယ်လောက်အရေးကြီးသလဲဆိုတာ ဒီပုံက သက်သေပြနေပါတယ်

သွားပြဿနာတွေကြောင့် ပြုံးပြဖို့တောင် ဝန်လေးနေတဲ့ အခိုက်အတန့်ကို သွားကျိုးဖူးတဲ့ လူသားတိုင်း ခံစားဖူးသလို လူတိုင်းလည်း သွားကျိုးဖူးပါတယ် 🥲
ကလေးအရွယ်မှာသာ ကျိုးတဲ့ သွားက ပြန်ပေါက်နိုင်ပေမယ့်
အသက်ကြီးလာရင်တော့ ပြတင်းပေါက်အတိုင်းပဲ နေရတော့မှာပါ 🤭
သွားကျိုးတာပဲဖြစ်ဖြစ်၊ သွားနှုတ်တာပဲဖြစ်ဖြစ် သွားမရှိတဲ့ ဒုက္ခက သူများကို ပြုံးပြဖို့ မဝံ့ရဲတာက နောက်
အစားစားတိုင်း သွားဖုံးကို ထိနေတဲ့အတွက် နာကျင်မှုကို အမြဲခံစားနေရစေမှာက အရင်ပါ 🤒
ဒီတော့ ဘာအကြောင်းကြောင့်ပဲ သွားကျိုးကျိုး၊ ကျိုးနေတဲ့သွားတွေကို အချိန်မီ ပြန်မစိုက်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ဆက်တိုက်ဆိုသလို အနှေးနဲ့အမြန်ခံစားရနိုင်ပါတယ် 💁‍♀️
သွားစိုက်ဖို့ အတွက် လိုအပ်လာရင်တော့
✅ ရေရှည်ခံပြီး စနစ်ကျတဲ့ နောက်ဆုံးပေါ် နည်းပညာနဲ့ သွားတုတွေ၊ သွားစိုက်နည်းတွေကို သင့်တင့်တဲ့ ဈေးနှုန်း၊ အာမခံမှု အပြည့်အဝနဲ့ ဝန်ဆောင်မှုပေးနေတဲ့

သွားနှုတ်စရာမလိုပဲ ပုံမှန်သွားလို စားလို့ဝါးလို့ရအောင်ကုသနိုင်ပါပြီ

😃 နာနေ ကိုက်နေတဲ့ သွားများ
😃 မနာပေမယ့် စားလို့ဝါးလို့မရတဲ့သွားများ
😃 တစ်ခြမ်းပဲ့ အခေါင်းပေါက်အကြီးဖြစ်နေတဲ့သွားများ
😃 ရှေ့သွားတစ်ခြမ်းပဲ့ ငုတ်တိုလေးများ
ကို နှုတ်စရာမလိုပဲ သွားမြစ်တွင်းကုသမှု(root canal treatment)လုပ်ပြီး ပုံမှန်သွားလို စားလို့ဝါးလို့ရအောင်ကုသနိုင်ပါပြီ
😃သွားအကြောထုတ်ကုသမှုအောင်မြင်ဖို့ရာ
-သွားဓာတ်မှန် X ray ရိုက်ဖို့လိုပါမယ်
-step by step လုပ်ရတာ ဖြစ်တဲ့အတွက် ဆရာဝန်ရက်ချိန်းကို မှန်မှန်သွားဖို့လိုပါတယ် (သွားအမြစ်ထိပ်ပြည်တည်မှုအခြေအနေပေါ်မူတည်ပြီး ရက်ချိန်း 2 ခေါက်မှ 4 ခေါက်လောက်ထိ လာရနိုင်ပါတယ်)
-တစ်ချို့ infection မရှိဘဲ အခြေအနေကောင်းတဲ့ သွားဆိုရင် single visit နဲ့ပြီးပါတယ်
😃နောက်အရေးကြီးတာတစ်ခုက
အကြာသတ်တာ ပြီးသွားလို့ မနာမကိုက်တော့ဘူးဆိုရင် Crown လို့ခေါ်တဲ့ အစွပ်လေး Cover လုပ်ဖို့လိုပါတယ်
😃အကြောထုတ်ထားတဲ့ သွားသည် သစ်ကိုင်းခြောက်လို ကြွပ်ဆက်သွားတဲ့အတွက် အမာတစ်ခုခုဝါးလိုက်ရင် ကွဲသွားတတ်ပါတယ်
😃Crown စွပ်ပြီး ရင်တော့ ပုံမှန်သွားအကောင်းလိုဘဲ စားနိုင်ဝါးနိုင်ပါတယ်
အသေးစိတ်သိရှိလိုပါက chat box မှ ဖြစ်စေ ph:09964088331 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 😊

ခံတွင်းနံ့ ဘာကြောင့်နံရသလဲ

ခံတွင်းနံ့ဆိုးရခြင်း ဖြစ်စေတဲ့ အဓိကအချက်တွေကတော့
🦠ဘတ်တီးရီးယာတွေဟာ ပါးစပ်နဲ့လျှာမှာ စုပုံနေခြင်း
😞သွားဖုံးနာခြင်း
😣သွားကျောက်တည်နေခြင်း
😨သွား‌ပိုးပေါက်တွေရှိနေခြင်း
🚬ဆေးလိပ်အသောက်များခြင်း
☕အနံ့ပြင်းတဲ့ အစား‌အသောက်တွေအစားများခြင်း တို့ကြောင့်ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အခြားသောရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်…
🙅အာသီးယောင်ခြင်း
🙅မကြာခဏနှာပိတ်ခြင်း
🙅၀မ်းချုပ်ခြင်း
🙅အစာခြေပြသနာရှိခြင်း
🙅အဆုတ်ရောဂါ တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။
ခံတွင်းနံ့ကောင်းလာစေဖို့အတွက် အိမ်တွင်းကုထုံးတွေကတော့ …
👅တစ်နေ့၂ကြိမ် သွားတိုက်ပေးပြီး သွားတိုက်တိုင်း
လျှာကိုပါတိုက်ပေးပါ
🌿နံနံပင်စားပေးပါ နံနံပင်မှာပါတဲ့ chlorophyll
ဟာအနံ့အသက်တွေကိုပျောက်စေပါတယ်
🍬ပူရှိန်းပါတဲ့ ပီကေလေးတွေဝါးပေးပါ
🧂Baking soda နဲ့လျှာကို ပွတ်တိုက်ပေးပါ
🍂အစာစားပြီးတိုင်း လေးညှင်းပွင့်လေး ဝါးဝါးပေးပါ
🪴🥕တရုတ်နံနံ၊ မုန်လာဥနီတို့များများ စားပေးခြင်းဖြင့်လည်း ခံတွင်းနံကိုကောင်းစေပါတယ်နော်။

Dental Implant သွားစိုက်ကုသခြင်းက နိုင်ငံတကာမှာ အကောင်းဆုံးသွားစိုက်ကုသခြင်းဆိုတာ သိပါသလား??

Dental Implant သွားစိုက်ကုသခြင်းက နိုင်ငံတကာမှာ အကောင်းဆုံးသွားစိုက်ကုသခြင်းဆိုတာ သိပါသလား?? 🤔

မင်္ဂလာပါရှင် 🙏
သွားနဲ့ခံတွင်း ပြဿနာတွေအတွက် အကောင်းမွန်ဆုံး Quality နဲ့ ယုံကြည်စိတ်ချရဆုံး
လမင်း Premium Dental Clinic မှ ကြိုဆိုပါတယ် 🤗

ဒီယနေ့မှာပြောပြချင်တဲ့အကြောင်းအရာလေးကတော့ 👇👇👇

သွားစိုက်တဲ့အခါ တစ်ခါစိုက်ထားရုံနဲ့ အချိန်အကြာဆုံး အသုံးပြုနိုင်မယ့် Dental Implant သွားစိုက်နည်းအကြောင်းပဲဖြစ်ပါတယ်ရှင့် ❤

✅ Dental Implant သွားစိုက်နည်းဟာဆိုရင် သွားစိုက်နည်းအမျိုးမျိုးထဲမှာ အကောင်းဆုံးနဲ့ တာရှည်အခံဆုံးဖြစ်ပါတယ်။
✅ သွားနှုတ်ခြင်းကနေ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဖြစ်တဲ့ Bone Loss နဲ့ သွားယိုင်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

#အထူးမှာကြားလိုတာကတော့_သွားနှုတ်ထားရင်ပဲဖြစ်ဖြစ်_သွားကျိုးရင်ပဲဖြစ်ဖြစ်_မဖြစ်မနေသွားပြန်စိုက်ဖို့လိုအပ်ပါတယ်။ 😢

အဲ့လို မစိုက်ဘူးဆိုရင် သွားတွေမရှိတော့တဲ့အတွက် သွားဖုံးအရိုးတွေပျက်စီးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သလို မျက်နှာသွင်ပြင်မျိုးကိုပါ ဖြစ်ပေါ်စေတတ်ပါတယ်။ 😣

ဒါကြောင့်လည်း နိုင်ငံတကာမှာ လူကြိုက်အများဆုံးနဲ့ ထိရောက်မှုအရှိဆုံးသွားစိုက်နည်းမှာ Dental Implant က ထိပ်ဆုံးကရပ်တည်နေတာပါရှင့်။ 💯

#နောက်ထပ်မှာကြားလိုတာကတော့_နိုင်ငံခြားသွားမယ့်သူတွေ_မသွားခင်မှာ_သွားစိုက်ခြင်းနှင့်_သွားဝေဒနာများအတွက်_ကုသမှုခံ_မဖြစ်မနေပြုလုပ်ပြီးမှသွားပါ။ 💁

တခြားနိုင်ငံတွေမှာ သွားနှင့်ခံတွင်းအတွက် ကုသစရိတ်၊ ကုန်ကျစရိတ်တွေက လက်ရှိမြန်မာနိုင်ငံကဈေးနှုန်းထက် 3 ဆ နီးပါးလောက်ရှိပါတယ်။ 😱

La Min Premium Dental မှာ ဆိုရင်
ဝါရင့် ကျွမ်းကျင် Implant Specialist တွေနဲ့ Implant ပါရဂူ တွေ ကိုယ်တိုင် ကုသမှုပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရနိုင်တာကြောင့် 🤗

သွားစိုက်တော့မယ်ဆိုရင် လမင်း Premium Dental Clinic ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

အကောင်းမွန်ဆုံးအရည်အသွေး၊ အချိုသာဆုံးဈေးနှုန်းတွေနဲ့ နောက်ဆုံးပေါ်ခေတ်မီစက်ကိရိယာတွေသာ အသုံးပြုတဲ့ ကျွန်မတို့ လမင်း Premium Dental Clinic မှ
လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းပြဿနာတွေကို ဖြေရှင်းပေးဖို့ နွေးထွေးစွာ စောင့်ကြိုနေပါတယ်ရှင့်

Clear Aligners Treatment

ယနေ့ခေတ်လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Dental Treatment လေးကတော့ Clear Aligners Treatment လို့ ခေါ်ပါတယ်။

Clear Aligners Treatment ဆိုတာကတော့ ကျဲနေတဲ့သွားလေးတွေ၊ ထပ်နေတဲ့သွားလေးတွေ၊ ရှေ့ကိုထွက်နေတဲ့ သွားလေးတွေကို Clear Aligner လို့ခေါ်တဲ့ အကြည်ရောင် သွားအစွပ်လေးတပ်ပြီး ညီသွားအောင်ညှိပေးရတာမျိုးပါ။ အကြည်ရောင်လေးဆိုတော့ အမြင်ပိုင်းမှာလည်း မသိသာလို့ အလှအပထိခိုက်မှာကို မစိုးရိမ်ရတော့ပါဘူးနော်။
ပြီးတော့ Wire တွေနဲ့ ချိတ်ထားရတာမဟုတ်လို့ ယုံကြည်မှုရှိရှိနဲ့ အစားအသောက်ရှောင်စရာမလိုဘဲ ပုံမှန် နေထိုင်စားသောက်ရင်း သွားညှိနိုင်ပါတယ်။ ဒီ Treatment ကိုတော့ လမင်း Premium Dental Clinic မှာ Scanner နဲ့ စစ်ဆေးပြီးတာနဲ့ Before and After Result နဲ့ အကြမ်းဖျဉ်း အချိန်ဘယ်လောက် ကြာနိုင်မလဲဆိုတာကို တန်းသိနိုင်မှာပါ။
အဆင့်ဘယ်နှဆင့်လုပ်ရမယ်၊ အချိန်ဘယ်လောက်ကြာမယ်ဆိုတာကို ကြိုတင်သိရှိနိုင်လို့ နိုင်ငံခြားသွားမယ့် သူတွေအတွက် အရမ်းအဆင်ပြေပါတယ်နော်။ အခြေခံအားဖြင့် အဆင့် ၁ ဆင့်ကို အချိန် ၃ ပတ်ခန့်သာ ကြာမြင့်မှာဖြစ်ပါတယ်။ အစာစားချိန်နဲ့ သွားတိုက်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ  အချိန်ပြည့် တပ်ဆင်ရမှာပါ။
ဒီလို အလှလည်းမပျက်ဘဲ သွားလေးတွေ ညီညာလှပစေမယ့် Clear Aligners Treatment ကို လမင်း Premium Dental Clinic မှာလည်း လုပ်လို့ရနေပါပြီ။ Germany နိုင်ငံထုတ် Clear Aligner တွေဖြစ်လို့ Quality ပိုင်းကို ယုံကြည်စိတ်ချစွာ တပ်ဆင်နိုင်ပါတယ်။ အများအလယ်မှာ ယုံကြည်မှုရှိတဲ့ ပြုံးအလှပိုင်ရှင်ဖြစ်ဖို့ လမင်း Premium Dental Clinic ကို လှမ်းလာခဲ့ပါ။

မဖြတ်ရင် ပြုတ်မှာပါ။

မဖြတ်ရင် ပြုတ်မှာပါ။

ဆေးလိပ်သောက်ခြင်းကြောင့် သွားနှင့်ခံတွင်းကို ဆိုးရွားစွာပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်မဖြတ်နိုင်ဘူးဆိုရင်တောင် တတ်နိုင်သလောက် ဆေးလိပ်လျှော့သောက်ပါ။ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် လမင်း Premium Dental Clinic မှာ စစ်ဆေးကုသပါ။