Dental Veneer

Hollywood Smile or Celebrity Smile (ရှေ့သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်း)
ယခင်ကတော့ Hollywood stars တွေ Celebrity တွေသာ သူတို့ရဲ့ smile ကို ဂရုတစိုက် ပြုပြင်ကြလို့ Hollywood smile လို့ တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့ အပြုံးအလှပိုင်ရှင် ဖြစ်ချင်သူ တော်တော်များများ ပြုလုပ်လာကြပါပြီ။
ဒါကတော့ Tooth Veneer လို့ခေါ်တဲ့ ပြုံးရီလိုက်ရင်ပေါ်တဲ့ ရှေ့သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်းပဲ ဖြစ်ပါတယ်။
ကြွေလွှာကပ်ခြင်း အမျိုးအစား ၂ မျိုး
1. Direct Composite Veneer
😃 သွားဖုံးနဲ့ အောက်ခံသွားများ ကျန်းမာလျှင် တစ်ထိုင်တည်းနဲ့ပြီးပါတယ်၊ အချိန် ၃, ၄နာရီလောက်ပေးရပါတယ်
😃 မိမိရဲ့ သဘာဝသွားကို တိုက်စားဖို့ မလိုဘဲ polish လုပ်ရုံဖြင့်လုံလောက်ပါတယ်
😃 ရှေ့သွားဖြင့် အစာ မာတွေကိုက်ခြင်း ဝါးခြင်း ကိုရှောင်ရပါမည်
😃 ကြာရင် အရောင်ပြောင်းတတ်ပါသည်, မိမိစားတဲ့အစားသောက်ပေါ်မူတည်၍ အရောင်ဆိုးလွယ်ပြီး 1နှစ် မှ 5နှစ်ထိ ခံပါတယ်
2. Indirect Porcelin or Ceramic Veneer
😃အနည်းဆုံး 2 ခေါက်လာဖို့လိုပါမည် ပထမတစ်ခေါက်မှာ မိမိရဲ့ ရှေ့သွားမျက်နှာပြင်ကို အနည်းငယ်တိုက်စားပြီး ပုံယူပါမည်၊ 2ရက်အကြာမှာ မျက်နှာပြင်ကို veneer ကပ်ပေးပါမည်
😃ပါးလွှာပြီး ကြွေကိုအကောင်းစား အသုံးပြုထားခြင်းကြောင့် အရောင်ပြောင်းလဲခြင်း မရှိပါ, Direct composite veneer ထက်အကြမ်းပိုခံပါတယ်
😃3D scanner နဲ့ဖတ်ပြီးစက်နဲ့ ခုတ်ထားတဲ့အတွက် မိမိကြိုက်နှစ်သက်တဲ့သွားအရောင် shape ကို တိတိကျကျ လှပသေသပ်စွာ ရရှိမှာပါ, Design ကိုလည်း Patient မှ Dentist Lab Technician နဲ့ သေချာ negotiate လုပ်နိုင်ပါတယ်
😃မိမိထိန်းသိမ်းတဲ့ပေါ်မူတည်ပြီး 10နှစ် မှ 15နှစ်လောက်ခံပါတယ်။ ရှေ့သွားနဲ့ အမာ ဝါးတာတော့ ရှောင်ရပါမယ်
😃မိမိ ရှေ့သွား ကျဲ နေခြင်း
😃သွားပဲ့ခြင်း သွားပုံစံမလှခြင်း သွားအနည်းငယ်မညီညာခြင်း
😃tetracycline stain, Fluorosis တို့ကြောင့် သွားအရောင်မလှခြင်း နဲ့
😃လှပတဲ့ hollywood smile ကို ပိုင်ဆိုင်လိုတဲ့ သူတွေမှာ Veneer လုပ်သင့်ပါတယ်
😃အံကြိတ်ခြင်းအလေ့အထရှိသူတွေ
😃သွားဖုံးအလွန်အမင်းရောင်နေ ပျက်ဆီးနေသူများ
😃အကြောထုတ်ထားတဲ့သွား ပိုးစားပြီး ကိုက်နေ နာနေတဲ့သွား တွေမှာ လုပ်ရင်မသင့်လျော်ပါ
😃အလွန် သွားထပ် သွားခေါနေတဲ့သူများ Deep bite လို့ခေါ်တဲ့ ကိုက်ချက်မမှန်သူများ
😃ကွမ်းစားသောအလေ့အထရှိသူ တွေ့မရှောင် အမာတွေအရမ်းကိ်ုက်ချင်သူများမှာ မလုပ်သင့်ပါဘူး
Apply the appointment for Dental Veneer
LaMin Premium Dental Clinic
- No.17, Myin Taw Thar Street, Su Paung Housing , Tharkayta Township, Yangon